Home » News » ကျောင်းဆောင်သစ်(၁၀)နှစ်ပြည့် အထိမ်းအမှတ်

ကျောင်းဆောင်သစ်(၁၀)နှစ်ပြည့် အထိမ်းအမှတ်

၂၀၁၇ခုနှစ် ဇူလိုင် ( ၁ )ရက်နေ့တွင်
ကျောင်းဆောင်အသစ် (၁၀)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သစ်ပင်ပန်းမန်
စိုက်ပျိုးပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် အခမ်းအနားစတင်ရာ နည်းပညာတက္ကသိုလ်(လားရှိုး) ကျောင်းအုပ်ကြီး Dr အောင်မျိုးလင်းမှ အဖွင့်အမှာစကားပြော ကြားပြီးအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ ပါသည်။ထို့နောက် လူသားအားလုံး ပျော်ရွှင် သာယာ
ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့ (natural sourrounding advance society) ဆောင်ပုဒ် နှင့်အညီး စုပေါင်း သစ်ပင်ပန်းမန် များကို
တစ်ပျော်တစ်ပါးစိုက်ပျိုးကြပါသည်။ဆက်လက်ပြီး ဌာန အသီးသီး မှဈေးရောင်းပွဲများ ကိုပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်းသိရှိရသည်။ဈေးရောင်းပွဲတော်နှင့်အတူ ကျောင်းသား/သူ များမှ မိမိတို့၏ အနုပညာ များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းသိရှိရသည်။ယနေ့ စိုက်
ပျိုးခဲ့သောသစ်ပင်ပန်းမန် များမှာ အရိပ်ရစားပင်နှင့်ပန်းအလှ ပင်များဖြစ်ပြီး စုစုပေါင်း အပင် (၂၀၀)ခန့်ရှိကြောင်းသိရှိရသည်။
ယခုစိုက်ပျိုးခဲ့သော အပင်များသည်
ကျောင်းပင်မဆောင်၏ နောက်အတွင်း နေရာတွင် စိုက်ပျိုးခဲ့ပြီး ပန်းခြံ ပြုလုပ်၍ အမြဲတမ်း ဆက်လျက် ရှင်သန်အောင် ပြုစု
ပျိုးထောင် သွားမည်ဖြစ်ကြောင်း လည်းသိရှိရသည်။



Back